ပြင်ဦးလွင် စက်တင်ဘာ ၁
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် သုတေသနနည်းပညာ (Research Methodol- ogy) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) သုတေသနလေ့ကျင်ရေးဗဟိုဌာန၌ ကျင်းပသည်။
တက်ရောက်
သင်တန်းဖွင့်ပွဲသို့ ကျန်းမာရေးဝန်ကြီး ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး၊ ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီးများ၊ ပြင်ဦးလွင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ သုတေသနပညာရှင်များ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ဒုတိယဝန်ကြီးက ယခုသင်တန်းမှသင်ကြားပို့ချလိုက်သည့် သုတေသနနည်းပညာနှင့်ကျင့်ဝတ်များကို အသုံးချကာသုတေသန စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် ပါရဂူဘွဲ့ သင်တန်းသားများပြုစုတင်သွင်းမည့် ဘွဲ့လွန်ကျမ်းများမှရရှိမည့် သုတေသနတွေ့ရှိချက်ရလဒ်များကို အသုံးချပြီးပြည်သူလူထု၏ ကျန်းမာရေးပြဿနာများအဖြေရှာရာ၌ အသုံးပြုနိုင်မည်ဟု ယုံကြည်ပါကြောင်းပြောကြားပြီး ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) ရှိ သုတေသနလေ့ကျင်ရေးဗဟိုဌာန၏ စာသင်ဆောင်များ၊ သင်တန်းသားသင်တန်းသူ အိပ်ဆောင်များနှင့် စားရိပ်သာတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ သင်တန်းကို စက်တင်ဘာ ၁ ရက်မှ ၃ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသို့တက်ရောက်လျက်ရှိသည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆေးနှင့်ဆေးနှီးနွှယ် တက္ကသိုလ်များမှ ပါရဂူဘွဲ့ သင်တန်းသား ၆၃ ဦးအား ဆေးသုတေသနဦးစီးဌာနမှ ဝါရင့်သုတေသီများက Research Methodology ဆိုင်ရာများကို သင်ကြားဆွေးနွေးသွားမည်ဖြစ်ပြီး သင်တန်းသားများကို အုပ်စုခြောက်ခုခွဲကာ သင်တန်းကာလသုံးရက်အပြီးတွင် သုတေသနအဆိုပြုလွှာများတင်သွင်း ပေးကြရမည်ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်