Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်  ရွှေဘိုမြို့နယ် ကျေးရွာ(၆)ရွာရှိ မဲရုံများတွင် မိဘပြည်သူများ ကြိုတင်ဆန္ဒမဲပေးနေမှုတို့အား ကြည့်ရှုအားပေး

ရွှေဘို အောက်တိုဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် သည် ရွှေဘိုခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ လိုက်ပါ၍ ယနေ့နံနက်(၈)နာရီက ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ရွှေဘိုမြို့နယ် သီးလုံး၊ နှမစားရစ်၊ ဆိပ်ခွန်၊ ဇီးဖြူကုန်း၊ ချီပါနှင့် မင်းကုန်း စသည့်ကျေးရွာ(၆)ရွာရှိ မဲရုံများတွင် အသက်(၆၀)နှစ်နှင့် အထက်မဲဆန္ဒရှင်ပြည်သူများ စိတ်ချမ်းမြေ့ လုံခြုံစွာ ကြိုတင်ဆန္ဒမဲပေး နေမှုတို့အား ကြည့်ရှုအားပေးခဲ့သည်။

ထိုသို့ မဲရုံများ၌ ကြိုတင်ဆန္ဒမဲပေးရာတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က မိဘပြည်သူများ အတွက် စိတ်ချမ်းမြေ့လုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေး သက်ဆိုင်ရာဌာနများမှ တာဝန်ပေးအပ်ထားသောဝန်ထမ်းများ နှင့် စေတနာ့ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားများပြောကြားကာ ဆန္ဒမဲပေးရာတွင်  ကိုဗစ်-၁၉ ရောဂါ မပြန့်ပွားမကူးစက်ရေးအတွက်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မိမိတို့ တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များနှင့်အညီ အားလုံး စနစ်တကျ ပူးပေါင်းဆောင်ရွက်ပေးကြပါ ရန်နှင့် ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရေးကို အထူးအလေးထား ဆောင်ရွက်ပေးကြပါရန် တိုက်တွန်း ပြောကြားခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းကိုကို(ပြန်/ဆက်)