Skip to main content

Online Learning System ဖြင့် ဖွင့်လှစ်ပို့ချခဲ့သော အရာထမ်းငယ် အခြေခံသင်တန်း အမှတ်စဉ် (၁၁၆) သင်တန်းဆင်း

နေပြည်တော် အောက်တိုဘာ ၂၉


ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဗဟို၀န်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင်  Online Learning System ဖြင့် ဖွင့်လှစ်ပို့ချခဲ့သည့် အရာထမ်းငယ် အခြေခံသင်တန်း အမှတ်စဉ် (၁၁၆) သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာ ၂၈ ရက် ညနေ ၄ နာရီတွင် ကျင်းပရာ ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်)၊ ပါမောက္ခချုပ် ဦးကျော်ဝင်းဟန်က Online မှတစ်ဆင့်  သင်တန်းဆင်းအမှာစကား ပြောကြားသည်။ 

 သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ် (စီမံခန့်ခွဲရေး)၊ ပြည်သူ့ဝန်ထမ်းအကယ်ဒမီ ကျောင်းအုပ်ကြီး/ ဒုတိယပါမောက္ခချုပ် (သင်ကြားရေး)၊ ဌာနကြီးမှူး/ပါမောက္ခ (ဌာနမှူး/တာဝန်ခံ) များ၊ ဌာနမှူး/ တွဲဖက်ပါမောက္ခများနှင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း ၂၆ ခုမှ  ဒုတိယဦးစီးမှူး အဆင့်ရှိ အရာထမ်းငယ် သင်တန်းသား ၄၃ ဦး၊ သင်တန်းသူ ၅၇ ဦး၊ စုစုပေါင်း ၁၀၀ တို့ Online ဖြင့် တက်ရောက်ခဲ့ကြသည်။

 သင်တန်းကာလရက်သတ္တ လေးပတ်အတွင်း ပို့ချသူနှင့် အပြန်အလှန်ဆွေးနွေးခြင်းကို Zoom Cloud Meetings  ဖြင့်လည်းကောင်း၊ သင်ခန်းစာသင်ယူခြင်း၊ ဆွေးနွေးမေးမြန်းခြင်းနှင့် ကိုယ်တိုင်လေ့လာ သင်ယူခြင်းတို့ကို Google Class Room အသုံးပြု၍လည်းကောင်း၊ သင်တန်းသား၊ သင်တန်းသူ များအား ဆန်းစစ်ခြင်း (Assessment) အတွက် Tutorial ဖြေဆိုခြင်း၊ Lesson Assessment ရေးသားဖြေဆိုခြင်း၊ Daily Attendance တို့ကို Online System ဖြင့် အကဲဖြတ် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ 

 သတင်းစဉ်