နေပြည်တော် ဩဂုတ် ၂၅
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီး၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပင်လောင်းလမ်းဆုံ ကားလမ်းမရေကျော်နေမှု၊ ပင်လောင်းလမ်းဆုံနှင့် ကျောက်ချက်ကျေးရွာအကြား လမ်းဘေးဝဲယာရေစီးဆင်းမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရေစီးရေလာကောင်းမွန်စေရေး၊ ရေထွက်ပေါက်များရှင်းလင်းရေးနှင့် ရေတံခါးများတွင် အမှိုက်ပိတ်ဆို့မှုမရှိစေရေးတို့ကို မှာကြားသည်။
ညနေပိုင်းတွင် ဇေယျာသီရိမြို့နယ် ပင်လောင်းလမ်းဘေးနေပန်လပန်ကွင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဝင်ရောက်နေမှု၊ လမ်းရေကျော်နေမှုကို ရေအမြန်ကျစေရေး မပိုက်ကယ်ရိုးမှ နရဘန်ချောင်းအတွင်းသို့ ရေဖောက်ထုတ် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပေါင်းလောင်းမြစ်အတွင်း ရေစီးဆင်းနိုင်ရေးဒိုက်များ၊ အမှိုက်များ ရှင်းလင်းဆောင်ရွက်ရေးမှာကြားသည်။
ထို့နောက် ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီး ဘေးဝဲယာရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း (ဇေယျာမြေ)