မြိတ် အောက်တိုဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြိတ်မြို့နယ် စေတနာ့ဝန်ထမ်း Volunteer များ အတွက် ထောက်ပံ့ ငွေကျပ်သိန်း(၂၀)ကို ယနေ့ နံနက်(၉)နာရီခွဲ အချိန်ခန့်က မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ အစည်းအဝေးခန်းမတွင် ဂုဏ်ပြုပေးအပ်ခဲ့သည်။
စေတနာ့ဝန်ထမ်း Volunteer များအတွက် ထောက်ပံ့ငွေပေးအပ်ပွဲတွင် ဝန်ကြီးချုပ် ဦးမြင့်မောင် က စေတနာ့ဝန်ထမ်း အဖွဲ့တွေက အသိစိတ်ဓာတ်နဲ့ ကိုဗစ်-၁၉ ဖြစ်ပွားနေတာကို ထိန်းချုပ်ဖို့နဲ့ ပိုမို မပြန်ပွားဖို့ စေတနာအရင်းခံပြီး ဆောင်ရွက်ပေးနေတဲ့ တန်ဖိုးမဖြတ်နိုင်တာကို ဆက်ပြီးတော့ ဝိုင်းဝန်း ထိန်းပြီး ပူးပေါင်း ဆောင်ရွက်ပေးစေလိုပါတယ်။ Volunteer အဖွဲ့တွေရဲ့ ပါဝင်နိုင်မှုအားကိုလည်း အများကြီးလေးစားပြီး အသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြိတ်မြို့နယ်စေတနာ့ဝန်ထမ်း Volunteer များအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ ဂုဏ်ပြု ထောက်ပံ့ငွေ ကျပ်သိန်း(၂၀)ကို ဝန်ကြီးချုပ် ဦးမြင့်မောင် က ပေးအပ်ရာ Volunteer များကိုယ်စား မြိတ်ဒေသ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဒေါ်တင်တင်ထွေး က လက်ခံရယူ ပြီး ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )