Skip to main content

ဟိုတယ်များအနေဖြင့် အာဆီယံအဆင့်ပေးအပ်သော ဟိုတယ်ဆိုင်ရာဆုများ ရရှိနိုင်အောင် စဉ်ဆက်မပြတ် ကြိုးစားကြရန်နှင့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုအဆင့်အတန်းများ မြင့်မားလာအောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်

နေပြည်တော် ဩဂုတ် ၁၉

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဟိုတယ်လုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒဏ္ခိဏသီရိမြို့နယ် နိုင်ငံတော်ဧည့်ဂေဟာဝင်းအတွင်းရှိ ဟိုတယ်များမှ ငလျင်ဒဏ်သင့် ဟိုတယ်အဆောက်အအုံနှင့် အခန်းများ၊ ခန်းမများပြုပြင်မွမ်းမံ ဆောင်ရွက်နေမှုအခြေအနေများ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဧည့်သည်လက်ခံနိုင်ရေး ပြင်ဆင်ထားရှိမှုအခြေအနေများ၊ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ပြင်ဆင်ပြီး ငလျင်ဒဏ်သင့်ဟိုတယ်၊ အခန်းများကို ဧည့်သည်များ အမြန်ဆုံးလက်ခံနိုင်ရန်ပြင်ဆင်ကြရန်၊ ပြင်ဆင်ဆဲအခန်းများ၊ ခန်းမများကိုလည်း သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ ဘေးအန္တရာယ်ကင်းရှင်းစွာဆောင်ရွက်ကြရန်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဟိုတယ်များအနေဖြင့် အာဆီယံအဆင့်ပေးအပ်သော ဟိုတယ်ဆိုင်ရာဆုများကို ရရှိနိုင်အောင် စဉ်ဆက်မပြတ်ကြိုးစားကြရန်၊ ဟိုတယ်ဝန်ထမ်းများအနေဖြင့် ဟိုတယ်လုပ်ငန်းခွင်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးသင်တန်းများတွင်လည်း ပါဝင်တက်ရောက်စေရေး တာဝန်ရှိသူများက စိစစ်ကြပ်မတ်ကြရန်နှင့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုအဆင့်အတန်းများ မြင့်မားလာအောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရန်မှာကြားပြီး ဟိုတယ်များတွင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်တပ်ဆင်သုံးစွဲနေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် ငလျင်ဘေးဒဏ်သင့် အပြာရောင် အဆင့်သတ်မှတ်ထားသည့် ဝန်ထမ်းအိမ်ရာများတွင် ပြင်ဆင်ပြီးစီး၍ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ပြန်လည်ပြောင်းရွှေ့ နေထိုင်မှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ရေ၊ မီး၊ မိလ္လာနှင့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ ဘေးအန္တရာယ်ကင်းရှင်းစွာ နေထိုင်နိုင်ရေးတို့အတွက် တာဝန်ရှိသူများအားမှာကြားပြီး ဝန်ထမ်းများ၏ အခက်အခဲများနှင့် တင်ပြချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်