Skip to main content

ဒဂုံမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူး(၂၆)ဦးနှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲတာဝန်ခံ (၂၂)ဦးတို့အား သင်တန်းဖွင့်လှစ်ပို့ချ

ဒဂုံ                   အောက်တိုဘာ              ၂၈

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ၌ မဲရုံအသီးသီးတာဝန်ထမ်းဆောင်ကြမည့် မဲရုံးမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအားရွေး ကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့နယ်အမှတ်() အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့နံနက်၁၀နာရီက ဖွင့်လှစ် ပို့ချပေးကြောင်းသိရသည်။

သင်တန်းတွင်  မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအီနွယ်လှိုင်ပူက  အဖွင့်အမှာစကား  ပြောကြားပေးပြီး မြို့နယ်ကော်မရှင် အဖွဲ့ခွဲ ဥက္ကဌဒေါ်မေမေသန်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့်  ရွေးကောက် ပွဲဆိုင်ရာ လုံခြုံရေးကိစ္စရပ်များကို ရှင်းလင်းသည်။ ထို့နောက်သင်တန်းနည်းပြများက  မဲရုံအဖွဲ့၏တာဝန် ဝတ္တရားများ၊ မဲပေးမည့်နေရာ   ကြိုတင်ပြင်ဆင်မှု၊ ခိုင်လုံမဲ/ပယ်မဲ၊  ရွေးကောက်ပွဲနေ့   လုံခြုံရေးနှင့်မဲရုံ သုံးပုံစံများရေတွက်ခြင်း၊ ထုတ်ပိုးခြင်းအစရှိသည့်အကြောင်းအရာများကိုဆွေးနွေးပို့ချပေးပြီးမဲရုံ ဖွင့်လှစ် သည့်အခါကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏စည်းကမ်းချက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရှင်းလင်းသည်။

 အဆိုပါသင်တန်းကို မဲရုံမှူး၊ ဒုတိယမဲရုံမှူး(၂၆)ဦးနှင့်ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ တာဝန်ခံ(၂၂)ဦး တက်ရောက် ကြောင်းသိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)