Skip to main content

Young Insurance Co.,Ltd နှင့် SME-Development Bank တို့ ဘဏ်နှင့်အာမခံလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုစတင်

ရန်ကုန်၊ အောက်တိုဘာ   ၂၂

Young  Insurance Co.,Ltd နှင့် SME-Development Bank တို့၏ ဘဏ်နှင့် အာမခံလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဖြစ်သော Bancassurance စတင်ဆောင်ရွက်ခြင်း လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို   အောက်တိုဘာ ၂၀ ရက်  နံနက်  ၁၀ နာရီက ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်၌ကျင်းပရာ Young Insurance Company မှ အကြီးတန်း အထွေထွေမန်နေဂျာ ဦးအောင်စိုးဦးနှင့် SME Development Bank  CEO  ဒေါက်တာဇေယျာညွန့်တို့က  နှစ်ဖက် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလဲလှယ်လိုက်ကြကြောင်း သိရသည်။

Young  Insurance  Company မှ  အကြီးတန်းအထွေထွေမန်နေဂျာ ဦးအောင်စိုးဦး က  အသေးစားနှင့် အလတ်စားလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်လာရန်အတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ပေးနေသော  SME Development Bank နှင့် မြန်မာနိုင်ငံသားများ လူနေမှုအဆင့် အတန်းမြင့်မားပြီး လုံခြုံသော အနာဂတ်ဘဝကိုပေးနိုင်ရန်  အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသားများအတွက်  ပိုမိုကောင်းမွန်သော အာမခံဝန်ဆောင်မှုများ ပေးသွားမည်ဖြစ်ကြောင်း၊  General Insurance  products  နှင့် Life Insurance  product  များကို မြန်ဆန်လွယ်ကူစွာ ဝယ်ယူနိုင်တော့မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ အာမခံ Product များကို SME-Development  Bank  မှ အများပြည်သူတို့ထံ ပိုမိုကျယ်ပြန့်စွာ ဝန်ဆောင်မှုပေးနိုင်တော့မည်ဖြစ်သည့်အပြင် Bank အနေဖြင့်လည်း Bank   ဝန်ဆောင်မှုနှင့်    အာမခံဝန်ဆောင်မှုများကို   One   Stop Service   အနေဖြင့်  ဝန်ဆောင်မှု  ပေးနိုင်မည်ဖြစ်သည်။

Customer  များအနေဖြင့်  တစ်နေရာတည်းတွင် ဝန်ဆောင်မှုနှစ်မျိုးရနိုင်မည်ဖြစ်ပြီး အထွေထွေအာမခံအတွက် ရှစ်မျိုးနှင့် အသက်အာမခံအတွက်   အာမခံအမျိုးအစားပေါင်း  ၁၉ မျိုးကို ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့အလင်း