Skip to main content

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ COVID-19 Antigen Test Kits များနှင့် PPE များ ပေးအပ်လှူဒါန်း

ရန်ကုန် အောက်တိုဘာ ၂၂

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကိုရီးယားသမ္မတနိုင်ငံအခြေစိုက် Shinhan Bank ၊ Shwe Daehan Motors Co., Ltd နှင့် NongHyup Bank and NongHyup Finance Myanmar တို့က Covid-19 Antigen Test Kits များနှင့် PPE များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်(၅)ရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံရုံးမှ Deputy Chief of Mission/ Minister Mr. Hahm Jeonghan က အမှာစကားပြောကြားပြီး ဆေးသုတေသနဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်း က ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ဆေးသုတေသနဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းထံ ကိုရီးယားသံရုံးမှ Deputy Chief of Mission/ Minister Mr. Hahm Jeonghan နှင့် အလှူရှင် Shinhan Bank ၊ Shwe Daehan Motors Co., Ltd နှင့် NongHyup Bank and NongHyup Finance Myanmar တို့မှ တာဝန်ရှိသူများက Covid-19 Antigen Test Kits များနှင့် PPE များ ပေးအပ်လှူဒါန်းရာ ညွန်ကြားရေးမှူးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ယနေ့ လှူဒါန်းပွဲတွင် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ Shinhan Bank က အမေရိကန် ဒေါ်လာ ၇၀၀၀ နှင့် ညီမျှသော Covid-19 Antigen Test Kits (၁၀၀၀) ၊ Shwe Daehan Motors Co., Ltd က အမေရိကန် ဒေါ်လာ ၇၀၀၀ နှင့် ညီမျှသော Covid-19 Antigen Test Kits (၁၀၀၀) နှင့်  NongHyup Bank and NongHyup Finance Myanmar က အမေရိကန်ဒေါ်လာ ၁၅၀၀၀ နှင့် ညီမျှသော COVID-19 Antigen Test Kits (၂၅၀၀) နှင့် ငွေကျပ် ၁၈၅ သိန်းနှင့်ညီမျှသော PPE အစုံ (၁၀၀၀)ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း-မင်းသစ်(MNA)/ ဓာတ်ပုံ-ဇော်မင်းလတ်