Skip to main content

တိုင်းစစ်ဌာနချုပ်များ၌ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲများကျင်းပ

နေပြည်တော် ဇူလိုင် ၉

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၏ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲများကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်များရှိ သတ်မှတ်နေရာများ၌ အသီးသီးပြုလုပ်ရာ သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးများနှင့် တက်ရောက်လာကြသူများက ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သံဃာတော်များအား ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဝတ္ထုငွေများဆက်ကပ်လှူဒါန်းကြ၍ ဆရာတော်ကြီးများထံမှ အနုမောဒနာတရားများ နာယူကြကာလှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး သံဃာတော်များအား အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။