Skip to main content

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၅ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

 

နေပြည်တော် ဇူလိုင် ၅

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်းဝင်း အတွင်းကျင်းပသည်။

စိုက်ပျိုးခဲ့

သစ်ပင် စိုက်ပျိုးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး ရတနာတန်းဝင်ကျွန်းပင် ၁၂၅၀ ကို သတ်မှတ်နေရာများတွင် တစ်ပြိုင်တည်း စိုက်ပျိုးခဲ့ကြသည်။

အလားတူတိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဝန်ကြီးဌာန ကြီးကြပ်မှုအောက်မှ စီမံကိန်းညွှန်ကြားရေးမှူးရုံးများ၊ စီမံကိန်းမန်နေဂျာရုံးများ၊ မဟာဓာတ်အား လိုင်းမှူးရုံးများ၊ ပင်မဓာတ်အားခွဲရုံများ၊ တည်ဆောက်ရေးညွှန်ကြားရေးမှူးရုံးများ၊ ဓာတ်အားပေးစက်ရုံများ၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးများတွင်လည်း မိုးရာသီသစ်ပင် စိုက်ပျိုးပွဲများကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်းကျင်းပ၍ ရတနာတန်းဝင် ကျွန်းပင် ၁၀၇၃ ပင်၊ နှစ်ရှည် သီးနှံပင် ၃၆၂၃ ပင်၊ နှစ်ရှည်ပန်းပင် ၁၆၁၈ ပင်၊ အရိပ်ရ လေကာပင် ၁၈၃၅ ပင် စုစုပေါင်း ၈၁၄၉ ပင်တို့ကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း စိုက်ပျိုးခဲ့ကြရာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန အနေဖြင့် ၂၀၂၅ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ကျွန်းပင်၊ နှစ်ရှည်သီးနှံပင်၊ နှစ်ရှည်ပန်းပင်၊ အရိပ်ရလေကာပင် စုစုပေါင်း ၁၁၇၁၅ ပင်နှင့် ယခုဒုတိယ အကြိမ်တွင် သစ်ပင်ပေါင်း ၉၃၉၉ ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ပြီး တစ်နိုင်ငံလုံးအနေဖြင့် ယခုနှစ်တွင် လက်ရှိအချိန်ထိ သစ်ပင် စုစုပေါင်း ၂၁၁၁၄ ပင် စိုက်ပျိုးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်