Skip to main content

ဒုတိယအကြိမ် တရုတ်-မြန်မာ-ထိုင်း နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၄

ဒုတိယအကြိမ် တရုတ်-မြန်မာ-ထိုင်း နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးကို ဇူလိုင်လ ၄ ရက်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီခွဲအချိန်အထိ နေပြည်တော်ရှိ Jasmine Naypyitaw ဟိုတယ်၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်ဦးဆောင်သော သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး Mr. Liu Zhong Yi ဦးဆောင်သော အဆင့်မြင့် အရာရှိကြီးများ၊ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် Mr. Dusit Manapan ဦးဆောင်သော အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် တရုတ်-မြန်မာ-ထိုင်းနိုင်ငံတို့အကြား လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အွန်လိုင်းလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) တိုက်ဖျက်ရေးကိစ္စရပ်များကို သက်ဆိုင်ရာပြည်တွင်းဥပဒေများနှင့်အညီ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားရန် ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။