နေပြည်တော် ဇွန် ၂၆
ရှမ်းပြည်နယ် (တောင်ပိုင်း) မြို့နယ်အသီးသီးရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား ယနေ့မွန်းလွဲပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ်ရှိ ခရေရိပ်သာ၌ တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်