Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်ရေးအစီအစဉ်ကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့်သတင်းများ ထုတ်ပြန်သည့်အစီအစဉ်ကို ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ် ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ  ယနေ့မွန်းလွဲ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ရုံး၌ ကျင်းပသည်။

အခမ်းအနားသို့ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်များဖြစ်ကြသော ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်၊ ဦးသန်းဌေး၊ ဦးဆွေတင့်လွင်နှင့် ကော်မရှင်ရုံးမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက်  ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများ၊ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ မဲဆန္ဒရှင်များအားလုံး ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ချက်များ၊ ကြိုတင်မဲပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများသတ်မှတ်ကြေညာခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ဆန္ဒမဲပေးခြင်းလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုတို့ကို ရှင်းလင်းပြောကြား သည်။

ထို့နောက် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က သတင်း မီဒီယာအဖွဲ့များ၏မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားသည်။ ယနေ့ သတင်း ထုတ်ပြန်ရေး အစီအစဉ်သို့ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာ ( ၃၄ ) ဖွဲ့ တက်ရောက် ခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)