နေပြည်တော် ဇွန် ၂၅
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော ဇေယျာသီရိမြို့နယ် ကျည်တောင်အုပ်စုရှိ ရှေးဟောင်းသမိုင်းဝင် သာသနာ့အလင်းရောင် လှေခွင်းတောင်တော် ကိုးမုခ်ပြန်ပတ္တမြားကပ် ကျော်စေတီတော်နှင့် ရင်ပြင်တော်မြေထိန်းနံရံ နိမ့်ကျပျက်စီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
လိုအပ်သည်များဆောင်ရွက်
ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက စေတီတော် ပြန်လည်ပြုပြင်မွမ်းမံရာတွင် SOP နှင့်အညီ ဖြစ်စေရေးအတွက် လိုအပ်သည်များကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပေါင်းစပ်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရှေးမူလလက်ရာအတိုင်း ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသို့တင်ပြ၍ လမ်းညွှန်ချက် ခံယူဆောင်ရွက်ရန်နှင့် အင်ဂျင်နီယာအဖွဲ့၏ လမ်းညွှန်မှုများနှင့်လည်း ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် ပျဉ်းမနားမြို့ ဘုရားကိုးဆူစေတီတော် ပြန်လည်ပြုပြင်မွမ်းမံနေမှုနှင့် ဆုတောင်းပြည့် လောကမာရဇိန်စေတီတော် ပြန်လည်ပြုပြင် မွမ်းမံနေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်