Skip to main content

ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပဲခူး အောက်တိုဘာ ၂၀

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို Video Conferencing ဖြင့် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက မကြာမီ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေ ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်၍ မဲဆန္ဒရှင်ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားရန်၊ လူနာတင်ယာဉ်များ(သို့မဟုတ်) အခြား နည်းလမ်း တစ်ခုခုဖြင့် ရန်ကုန်ဒေသမှ လူများအား ကျန်းမာရေးညွှန်ကြားချက်များ လိုက်နာမှုမရှိဘဲ ပို့ဆောင်ပေးနေမှုကို ထိရောက်စွာ ဟန့်တားရန်လိုအပ်ကြောင်း၊ အထူးသဖြင့် နယ်စပ်ဝင်ပေါက်များကို အထူးဂရုဆောင်ရွက်နိုင်မှသာ မိမိတို့ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု လျော့ချ နိုင်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်ပေးခဲ့သည့် စက်ရုံ/အလုပ်ရုံ များကိုလည်း အထူးကြီးကြပ်စစ်ဆေးရန်နှင့် အခါအားလျော်စွာ ရှောင်တခင် ဝင်ရောက် စစ်ဆေးမှုများ ဆောင်ရွက်ရန််လိုအပ်ကြောင်း၊ စက်ရုံ/အလုပ်ရုံဝန်ထမ်း ကြို/ပို့မော်တော်ယာဉ်များတွင် ကျန်းမာရေးညွှန်ကြားချက်၊ သတ်မှတ်ချက်များအတိုင်း လူတင်ဆောင်မှု ရှိ/မရှိ စောင့်ကြည့်ရန် လိုအပ်ကြောင်းနှင့် မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ် တွင် အခက်အခဲများ၊ လိုအပ်ချက်များအား တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကုန်တင်ယာဉ်မောင်းများအား သတ်မှတ်နေရာအလိုက် Test Kit များဖြင့် စစ်ဆေးပေးနေမှု၊ လူစည်ကားရာ စျေးများ၊ စက်ရုံ/ အလုပ်ရုံများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေး ကြီးကြပ်ဆောင်ရွက်နေမှု၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများက မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါ လူနာများ ထပ်မံ၍ များလာနိုင်သောကြောင့် လူနာထားရန်နေရာများ၊ Facility Quarantine များ အသစ်တိုးချဲ့ရန် လျာထားဆောင်ရွက်နေမှုများ၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာရန်နိုင်မောင်က ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရေးအတွက် တစ်ဦးချင်း လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် Test Kit ထုတ်ယူရရှိမှု၊ ခွဲဝေပေးမှု၊ ဆေးရုံများအလိုက် လိုအပ်ချက်များအား တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လိုအပ်သည်များ ဖြည့်စွက်ပံ့ပိုးပေးခဲ့ကြောင်း သိရှိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)