Skip to main content

အမျိုးသမီးများကို တရုတ်ယောက်ျားယူရန် ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးခဲ့ကြသူများအား လူကုန်ကူးမှုဖြင့်အလုပ်နှင့် ထောင်ဒဏ်ချမှတ်

နေပြည်တော် ဇွန် ၁၈

အမျိုးသမီးများကို တရုတ်ယောက်ျားယူရန် ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ပေး ခဲ့ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ရှမ်းပြည်နယ်၊ နမ္မတူမြို့နေ မ-----/၁၇/၂၀၂၅ နှစ်နှင့် မ-----/၁၆/၂၀၂၅ နှစ်တို့ နှစ်ဦးသည် ၂၀၂၃ ခုနှစ် (ရက်/လ) မမှတ်မိတွင် မူဆယ်မြို့ ဂိမ်းဆိုင်တွင် အလုပ်လုပ်ကိုင်နေစဉ် မဆိုင်ဟွမ်နှင့် ယခင်က လားရှိုးမြို့ Spa ဆိုင်၌ အလုပ်အတူ လုပ်ကိုင်ခဲ့သူ မခမ်းလင်းက Tik Tok @User 217194 7360280 အကောင့်ဖြင့် ဆက်သွယ်၍ တရုတ်ကောင်မလေးလုပ်ရမည်၊ ယွမ် ၃၅၀၀၀ ရရှိ မည်၊ မပျော်ပါက ပြန်ခေါ်ပေးမည်ဟု စည်းရုံးကာ မခမ်းလင်းက စိုင်းခမ်းကော်နှင့် ဇနီး မနန်းယွမ်းယာ တို့ထံ ချိတ်ဆက်ပေးခဲ့ပြီး အဆိုပါလင်မယားက တရုတ်နိုင်ငံနေသူ မအေနန်းထံ ၎င်းတို့နှစ်ဦး၏ ဓာတ်ပုံရိုက်ယူ၍ ပို့ဆောင်ပေးခဲ့ကြောင်း စိုင်းခမ်းကော်မှ ၎င်းတို့နှစ်ဦးအား မူဆယ်-သိန္နီ-နမ့်တစ်သို့ ကားအဆင့်ဆင့်ဖြင့် ခေါ်ဆောင်ကာ အမည်မသိ တည်းခိုခန်းသို့ ပို့ဆောင်ခဲ့စဉ် ၎င်းအမျိုးသမီးငယ် နှစ်ဦးက တရုတ်ယောက်ျားယူရန် ဆန္ဒမရှိတော့၍ မူဆယ်မြို့သို့ ထွက်ပြေးလာခဲ့သဖြင့် စိုင်းခမ်းကော်ပါ လေးဦးအား ရဲအုပ်ခိုင်ထူးဗိုလ် မူဆယ်တပ်ဖွဲ့စု (၁၇) မှ တရားလို ပြုလုပ်တိုင်တန်းခဲ့ပြီး မူဆယ်မြို့မရဲစခန်း (ပ)၈၂/၂၀၂၅၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့် အမှုရေး ဖွင့် တရားစွဲတင်ပို့ခဲ့သည်။

မူဆယ်ခရိုင် တရားရုံးမှ ဇွန် ၁၆ ရက်တွင် တရားခံစိုင်းခမ်းကော် ရပ်ကွက်(၆) နောင်ပိန်ရွာ ကျောက်မဲမြို့ ရှမ်းပြည်နယ်နှင့် မနန်းယွမ်းယာပုံဟရွာ စလန်းပုန်ထွန်အုပ်စု မိုင်းရယ်မြို့ ရှမ်းပြည်နယ်တို့ နှစ်ဦးအား လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က) ဖြင့် အလုပ်နှင့် ထောင်ဒဏ်နှစ် ၂၀ ကျခံစေရန်နှင့် တိမ်းရှောင် တရားခံ မခမ်းလင်း အေးမေတ္တာ ဘုန်းကြီးကျောင်း အနီး အမှတ် (၂) ရပ်ကွက် ကျောက်မဲမြို့ ရှမ်းပြည်နယ်နှင့် မအေနန်း မိန်းတိန်မြို့ တရုတ်နိုင်ငံနေသူတို့ နှစ်ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်