နေပြည်တော် အောက်တိုဘာ ၁၉
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ကော်မတီ၏ ၃ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်မ၌ Zoom Application Online System ဖြင့် ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ UEHRD ကော်မတီအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်း ဝန်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ UEHRD ၏ Task Force အဖွဲ့ဝင်များ၊ နိုင်ငံတကာ သံရုံးများမှ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ NGOs၊ INGOs များမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် UEHRD ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အဖွင့်မိန့်ခွန်း Video Message ကို ထုတ်လွှင့်ပြသသည်။
ထို့နောက် UEHRD ကော်မတီ၏ ၃ နှစ်တာအတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု မှတ်တမ်း Video Clip ကို ပြသပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)