Skip to main content

ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ

နေပြည်တော် ဇွန် ၁၇

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ပခုက္ကူစာပေဆု၊ ဝတ္ထုတိုပေါင်းချုပ်ပထမဆုရရှိသည့် စာရေးဆရာ အမေ့သား (နတ်မောက်)၏ “မုသားချိုချိုနှင့် အခြားဝတ္ထုတိုများ စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် ဝတ္ထုတို ၁၂ ပုဒ်ပါဝင်သည်။ ကျေးလက်နေ တောသူတောင်သားများ၏ စရိုက်နှင့် ဘဝသရုပ်ကို အဓိကထားဖော်ကျူးထားသော ဝတ္ထုတိုများဖြစ်သည်။ ထန်းတက်သမားများ၏ ဘဝ၊ ငရုတ်တောင်သူတို့၏ သရုပ်၊ သားသမီး တိုးတက်ကြီးပွားရေးအတွက် ခက်ခက်ခဲခဲရပ်ဝေးပို့ ကျောင်းထားပေးသော တောင်သူ မိဘနှစ်ပါး၏ မေတ္တာစေတနာ၊ သားလိမ္မာအချို့၏ မိဘအပေါ်သိတတ်မှု၊ လေဖြတ်လူနာတစ်ဦး၏ ဝေဒနာနှင့် စိတ်ခံစားချက်၊ အိမ်ထောင်ဦးစီးက လွန်လွန်ကျူးကျူး မူးယစ်သောက်စားသဖြင့် မိသားစုတစ်စုလုံး ဘဝပျက်ရပုံ၊ ရိုးသားကြိုးစားသူတို့၏ အောင်ပွဲ စသည့် အကြောင်းအရာများဖြင့် ဝတ္ထုကို စုစည်းတင်ဆက်ထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။

အဆိုပါစာအုပ်ကို ရောင်းဈေးကျပ် ၂၅၀၀ ဖြင့် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆)နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်းရှိ စာပေဗိမာန်အရောင်းဌာန (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈) တို့သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

သတင်းစဉ်