Skip to main content

တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသပြီး မဲပေးစက် လက်တွေ့သရုပ်ပြသ

နေပြည်တော် ဇွန် ၁၇

မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် မဲပေးစက်လက်တွေ့သရုပ်ပြမဲပေးခြင်းကို ယနေ့ညနေပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ပြည်ငြိမ်းအေးခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်)ကို အသုံးပြု၍ မဲပေးရခြင်းအကြောင်းကို POWER POINT ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြပြီး မဲပေးစက်ဖြင့် မဲပေးနည်းအဆင့်ဆင့်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက လက်တွေ့သရုပ်ပြမဲပေးခြင်းများ ဆောင်ရွက်ကြသည်။

ထို့နောက် တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) တည်ဆောက်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံတို့ကို လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။