Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ပဉ္စမအကြိမ်မြောက် ဆိုချီကမ္ဘာ့ဇီဝလုံခြုံမှုညီလာခံသို့ တက်ရောက်ဆွေးနွေး

နေပြည်တော် ဇွန် ၁၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပဉ္စမအကြိမ်မြောက် ဆိုချီကမ္ဘာ့ ဇီဝလုံခြုံမှုညီလာခံအကြီးအကဲတို့၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံဆိုချီမြို့၌ ရောက်ရှိနေသည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇွန် ၁၀ ရက် မွန်းလွဲပိုင်းက ဆိုချီမြို့ နိုဗိုတယ်ဟိုတယ်၌ကျင်းပသည့် ညီလာခံ၏ အစီအစဉ်များသို့ အခြားသောနိုင်ငံများမှ BWC ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြသည်။

Mayakovsky ခန်းမ၌ ကျင်းပသည့် ဆွေးနွေးပွဲ Session No. 1 တွင် မော်စကိုအခြေစိုက် အဖွဲ့အစည်းဖြစ်သော ဥပဒေစည်းကမ်းနှင့် ကျင့်ဝတ်သိက္ခာဆိုင်ရာစနစ်များ (Compliance and Integrity Systems-CIS)၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာအထွေထွေပြဿနာများဌာန (Department of Humanitarian Cooperation, General Political and Social Problems)၏ အကြံပေးပုဂ္ဂိုလ် Ms. Elena Shamal က ဆွေးနွေးပွဲ ညှိနှိုင်းကွပ်ကဲသူအဖြစ် ဆောင်ရွက်ကာ ရုရှားဦးဆောင်သော စုပေါင်း လုံခြုံရေး စာချုပ်အဖွဲ့အစည်း (Collective Security Treaty Organization-CSTO)၊ မော်စကို အခြေစိုက်လိုက်နာမှုနှင့် ကျင့်ဝတ်သိက္ခာပြည့်ဝမှုစနစ်များ (Compliance and Integrity Systems-CIS)အဖွဲ့၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (The Shanghai Cooperation Organization-SCO)၊ အာဆီယံ (ASEAN)နှင့် အာဖရိကသမဂ္ဂ (African Union)တို့၏ ဇီဝလုံခြုံမှု လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်မှုများခေါင်းစဉ်ဖြင့် ကမ္ဘာ့အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပြီး ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ဇီဝလုံခြုံမှုဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့သည်။

ညပိုင်းတွင် ဒုတိယဝန်ကြီးသည် အဆိုပါဟိုတယ်ညီလာခံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E.Mr. Sergey Ryabkov က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်