Skip to main content

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အရာထမ်း အခြေခံသင်တန်းအမှတ်စဉ် (၂၂၃) သင်တန်းဖွင့်

ရန်ကုန် ဇွန် ၉

အရာထမ်း အခြေခံသင်တန်း အမှတ်စဉ်(၂၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပါမောက္ခချုပ်ဦးကျော်ထွေးက သင်တန်းသားသင်တန်းသူများသည် နောင်တစ်ချိန်တွင် နိုင်ငံတော်၏အဓိကတာဝန်များကို ထမ်းဆောင်ရမည့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် စိတ်ဓာတ် နှင့် စွမ်းရည်မြင့်မားသည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် မိမိတို့ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ လိုက်ပါကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

တက်ရောက်

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ် (စီမံခန့်ခွဲရေး)၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာဆရာမများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

အရာထမ်း အခြေခံသင်တန်း အမှတ်စဉ် (၂၂၃) သို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်းသား ၉၂ ဦး၊ သင်တန်းသူ ၉၈ ဦး စုစုပေါင်း ၁၉၀ တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ ဇွန် ၉ ရက်မှ စက်တင်ဘာ ၃ ရက် အထိဖြစ်ကြောင်း သိရသည်။

သတင်းစဉ်