Skip to main content

ကိုဗစ်-၁၉ ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် မြန်မာဝိုင်အမ်စီအေက ကမ္ဘာ့လက်ဆေးခြင်းနေ့ ရက်သတ္တပတ် အထိမ်းအမှတ် ဓာတ်ပုံပြိုင်ပွဲကျင်းပ

ရန်ကုန် အောက်တိုဘာ ၁၇

အောက်တိုဘာ ၁၅ရက်တွင် ကျရောက်ခဲ့သည့် ကမ္ဘာ့လက်ဆေးခြင်းနေ့ ရက်သတ္တပတ် အထိမ်းအမှတ် ကိုဗစ် ၁၉ ရောဂါ ကာကွယ်တိုက်ဖျက်ရေးနှင့် Stay at Home ကာလတွင်  လက်ဆေးခြင်းကို ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ လက်ဆေးခြင်း ဓာတ်ပုံပြိုင်ပွဲကို မြန်မာဝိုင်အမ်စီအေ က ကြီးမှူးကျင်းပသည်။

အဆိုပါ ပြိုင်ပွဲတွင် ပထမဆု ငွေကျပ်တစ်သိန်းကို မရီလေး၊ ဒုတိယဆု ငွေကျပ် ခုနစ်သောင်းကို ကိုမျိုးပိုင်၊ တတိယဆု ငွေကျပ်ငါးသောင်းကို ဦး​ဇေဇေဦး နှင့် People Choice Award အဖြစ် Like အများဆုံး ရရှိသူများအဖြစ် ကိုဇင်မင်းထက်နှင့် ကိုသူရ ကျော်ကျော်တို့က ငွေကျပ်သုံးသောင်းစီ ရရှိကြသည်။

ထို့အပြင် မြန်မာဝိုင်အမ်စီအေသည် ဒလမြို့ပြစီမံကိန်းအဖြစ် Aus- tralian Aid ၏ ပံ့ပိုးမှုဖြင့် Habitat for Humanity Myanmar (HFHM) &  ပူးပေါင်းလျက် ရပ်ရွာလူထု တစ်ကိုယ်ရေသန့်ရှင်းရေး ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ အသိပညာတိုးတက်ရေးနှင့် အမူအကျင့်များ ပြောင်းလဲစေရေးအတွက် ရေအိမ်များ တည်ဆောက်ခြင်းနှင့် သန့်ရှင်းသော ရေရရှိရေးတို့လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်