နေပြည်တော် ဇွန် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ဟွေဟိကျေးရွာအနီးရှိ နမ့်ဝုတ်(၁)၊ နမ့်ဝုတ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများအတူ သွားရောက်ကြည့်ရူစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် မိုင်းခွန်ကျေးရွာအုပ်စုရှိ နမ့်ဝုတ်(၁)၊ နမ့်ဝုတ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ သွားရောက်၍ နမ့်ဝုတ်ချောင်းမှ ရေရရှိမှု၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှု၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မှုနှင့် ဓာတ်အားပေးစက်များ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးဆောင်ရွက်ထားရှိမှု၊ ဓာတ်အားပို့လွှတ်ပေးနေမှုလုပ်ငန်းလည်ပတ်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းမှူးက လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။