Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ငလျင်ဒဏ်ခံရသည့် နေပြည်တော်ရှိ ဝန်ကြီးဌာနရုံးအဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်မှုနှင့် ရုံးပတ်ဝန်းကျင်၌ ဝန်ထမ်းများ ယာယီနေထိုင်မှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၄

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးရှေ့ရှိ ယာဉ်ရပ်နားနေရာ၌ ငလျင်ဒဏ်ခံခဲ့ရသည့်ဝန်ထမ်းများ ယာယီနေရာချ ထားနေထိုင်မှုအခြေအနေ၊ ရေ၊ မီး၊ မိလ္လာများ စီစဉ်ထားရှိမှု၊ မီးဖိုဆောင်များ စီစဉ်ပေးထားမှုနှင့် Container House များ ရောက်ရှိတပ်ဆင်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန အဆောက်အအုံ ပြင်ဆင်တည်ဆောက်နေမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ထိခိုက်ပျက်စီးသည့်နေရာများ ပြန်လည်ပြင်ဆင်ရာတွင် နောင်ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်များ ကြိုတင်မြော်တွေး၍ လိုအပ်ချက်များ စီစဉ်ဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် အဆိုပါဦးစီးဌာနမှ ဝန်ထမ်းများ Container Office များဖြင့် လုပ်ငန်းများ အရှိန်အဟုန် မပျက်ဆောင်ရွက်နေမှုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ ရုံးအသီးသီးနှင့် အွန်လိုင်းစနစ်ဖြင့်ချိတ်ဆက်၍ Unique ID နံပါတ်ထုတ်ပေးရေးနှင့် အချက်အလက် ပြင်ဆင်ဖြည့်စွက် အတည်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ Container Box ဖြင့် e-ID စနစ်ဆိုင်ရာ Server ခန်း ဆောင်ရွက်ထားရှိ မှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်ရေး၊ လုံခြုံမှုရှိစေရေးနှင့် လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်သူ့အင်အားဦးစီးဌာန ရုံးအဆောက်အအုံ ပြန်လည်ပြင်ဆင်နေမှုနှင့်ရုံးခန်းများအတွင်း ဝန်ထမ်းများ ရုံးလုပ်ငန်းပုံမှန်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ကွန်ပျူတာခန်းအတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ မေးခွန်းများမေးမြန်းခဲ့မှုအပေါ် ဖြေကြားချက်များ ဖြည့်သွင်းနေမှုကိုလည်းကောင်း၊ ရုံးပတ်ဝန်းကျင်၌ ဝန်ထမ်းများ ယာယီနေရာချထားမှု အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနေထိုင် စားသောက်မှု၊ ရေရရှိမှုအခြေအနေများကို မေးမြန်း၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန အဆောက်အအုံ ပြန်လည်ပြင်ဆင်ပြီးစီးမှုနှင့် ဝန်ထမ်းများ၏ ရုံးလုပ်ငန်းများ အရှိန်အဟုန်မပျက် ပုံမှန်ပြန်လည် ဆောင်ရွက်နေမှု၊ e-Visa ခန်းအတွင်း Online e-Visa လျှောက်ထားမှုအပေါ် စိစစ်ခွင့်ပြုဆောင်ရွက်နေမှုကိုလည်းကောင်း၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသား ဦးစီးဌာနရုံးခန်းအတွင်း ငလျင်ဒဏ်ကြောင့် မြေကျွံကျမှုကို ပြန်လည်ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။  

သတင်းစဉ်