Skip to main content

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများဖြစ်သည့် ရာသီတုပ်ကွေးနှင့် ကိုဗစ်-၁၉ ရောဂါများ ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်

မိုးရာသီတွင် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ စသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများပိုမိုကူးစက်ဖြစ်ပွားနိုင်ပါသည်။ ကိုဗစ်-၁၉ရောဂါအားကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားခြင်းမရှိတော့ဘဲ ရာသီတုပ်ကွေးရောဂါကဲ့သို့ ဒေသတွင်းပုံမှန်ကူးစက်ဖြစ်ပွားတတ်သည့် ရောဂါအဖြစ်သာ သတ်မှတ်ထားပါသည်။ လတ်တလောတွင် မိမိတို့နိုင်ငံအတွင်း၌ အဆိုပါရောဂါများ ကူးစက်ဖြစ်ပွား/သေဆုံးမှုနှင့်စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိသော်လည်း အဆိုပါရောဂါများ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူလူထုအနေဖြင့် အောက်ပါတို့ကို သတိပြုလိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်-

လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများဖြစ်သော ဖျားခြင်း၊ နှာစေးခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်း စသည့်လက္ခဏာများ ရှိသူများအနေဖြင့် မိမိမှ အခြားသူများသို့ ကူးစက်မှုမရှိစေရေးအတွက်-

(က) လူထူထပ်သောနေရာများသို့ သွားခြင်းမှ ရှောင်ကြဉ်ခြင်းနှင့် မဖြစ်မနေသွားရောက်ရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) အား စနစ်တကျ ဝတ်ဆင်ခြင်း၊

(ခ) ပါးစပ်နှင့်နှာခေါင်းစည်း ဝတ်ဆင်ထားခြင်းမရှိချိန်၌ နှာချေ၊ ချောင်းဆိုးပါက လက်ကိုင် ပဝါ/တံတောင်ကွေးဖြင့် လုံအောင်အုပ်၍ နှာချေ၊ ချောင်းဆိုးခြင်း၊

(ဂ) ရောဂါလက္ခဏာပြင်းထန်ပါက နီးစပ်ရာဆေးရုံ/ကျန်းမာရေးဌာနသို့ ချက်ချင်းပြသ၍ ဆေးကုသမှုခံယူခြင်း။

တစ်ကိုယ်ရေကာကွယ်ရေး နည်းလမ်းများဖြစ်သည့် လက်ကို ရေနှင့်ဆပ်ပြာ သို့မဟုတ် ရေမလို လက်သန့်စင်ဆေးရည်(Hand sanitizer)ဖြင့် မကြာခဏ စနစ်တကျ ဆေးကြောခြင်း၊

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများသည် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇကွဲများ ကူးစက်ဖြစ်ပွား ခြင်းနှင့် ရောဂါလက္ခဏာပြင်းထန်မှုနှင့် အသက်ဆုံးရှုံးမှုတို့မှ ထိရောက်စွာ ကာကွယ်ပေး သည့်အတွက် ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မား သည့် အသက်အရွယ်ကြီးသူများ၊ ဆီးချိုရောဂါ၊ နာတာရှည် အဆုတ်ရောဂါ၊ ကင်ဆာရောဂါ ရှိသူများ၊ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံမှုခံယူခြင်း။

ကျန်းမာရေးဝန်ကြီးဌာန

(၄-၆-၂ဝ၂၅)