Skip to main content

ဗန်ကောက်မြို့နှင့် စင်ကာပူမြို့ရှိ မြန်မာသံရုံး (၂)ရုံးတို့တွင်  ကြိုတင်ဆန္ဒမဲများ ဆက်လက်ပေး

နေပြည်တော် အောက်တိုဘာ ၁၅

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ယနေ့တွင် ကြိုတင်ဆန္ဒမဲများ ဆက်လက်ပေးခဲ့ကြရာ ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် (၃၈၂) ဦး နှင့် စင်ကာပူမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် (၁၀၅၄) ဦးတို့ ကြိုတင်ဆန္ဒမဲများ ဆက်လက်ပေးခဲ့ကြောင်း သိရသည်။

မြန်မာသံရုံးများ၌ ကြိုတင်ဆန္ဒမဲလာရောက်ပေးသူများအား သက်ဆိုင်ရာနိုင်ငံများမှ ချမှတ် ထားသော ကိုဗစ်ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ စည်းကမ်းများနှင့်အညီ ဖြစ်စေရေး မဲရုံအတွင်းသို့မဝင်မီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်များဖြင့် စနစ်တကျ လက်သန့်စေခြင်း၊ တစ်ခါသုံးလက်အိတ်နှင့် နှာခေါင်းစည်းများ ပံ့ပိုးပေးခြင်း တို့ကို စနစ်တကျစီစဉ်၍ ပံ့ပိုးဆောင်ရွက်ပေးခဲ့ပြီး မဲဆန္ဒရှင်များကလည်း မြန်မာသံရုံးမှ စီစဉ် ဆောင်ရွက်ထားရှိသည့်အတိုင်း လိုက်နာကာ စနစ်တကျ ဆန္ဒမဲများ ပေးခဲ့ကြကြောင်း သိရသည်။

သို့ပါ၍ ယနေ့တွင် မြန်မာသံရုံး () ရုံး၌ မဲဆန္ဒရှင် စုစုပေါင်း (၁၄၃၆)ဦးတို့ ကြိုတင်ဆန္ဒမဲ လာရောက်ပေးခဲ့ကြကြောင်း သိရသည်။

 (သတင်းစဉ်)