နေပြည်တော် အောက်တိုဘာ ၁၅
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(International Monetary Fund - IMF)၊ အာရှ-ပစိဖိတ်ဒေသဆိုင်ရာဌာန၏ High-level Meeting on the Regional Economic Outlook ကို ယနေ့နံနက် ၈ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၊ အာရှ-ပစိဖိတ်ဒေသမှ IMF အဖွဲ့ဝင်နိုင်ငံများ၏ ဗဟိုဘဏ်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ဘဏ္ဍာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ IMF ၊ Asia-Pacific Department မှ Acting Director Mr. Jonathan D.Ostry က Navigating the Pandemic: Multi-Speed Recovery နှင့်စပ်လျဉ်း၍ တင်ပြသည်။
ထို့နောက် အာရှ-ပစိဖိတ်ဒေသရှိ ဘဏ္ဍာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များက COVID-19 pandemic ကြောင့် ထိခိုက်မှုများနှင့် စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ဆောင်ရွက်လျက်ရှိသည့် မူဝါဒများ၊ စိန်ခေါ်မှုများနှင့်စပ်လျဉ်း၍ မိမိတို့၏ အတွေ့အကြုံများအား ဆွေးနွေးတင်ပြ ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)