Skip to main content

မင်းတပ်ခရိုင်ရှိ ပြည်သူများ လူမှု၊ စီးပွား၊ ဘဝ ဖွံ့ဖြိုးတိုးတက်စေရေး  ဖောက်လုပ် သည့်လမ်းများ ရာနှုန်းပြည့်ပြီးစီး

နေပြည်တော် အောက်တိုဘာ ၁၅

ချင်းပြည်နယ် မင်းတပ်ခရိုင်ရှိ ဒေသခံပြည်သူများ လူမှု၊ စီးပွား၊ ဘဝဖွံ့ဖြိုးတိုးတက် စေရန် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုရန်ပုံငွေဖြင့် ဖောက်လုပ်သည့်လမ်းများ ရာနှုန်း ပြည့်ပြီးစီးပြီဖြစ်ကြောင်း ချင်းပြည်နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး(ဟားခါး)မှ သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၏ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေဖြင့် မင်းတပ်ခရိုင်အတွင်း ငွေကျပ် ၂၅၉ ဒသမ ၁၅၇ သန်းဖြင့် ဇလပ်နီကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သည့် မင်းတပ်-ဘော()-ရှက်-ယာယော-လုပ်ရှဲ - ခွဲလုံလမ်း မိုင် ၂၀ အနက် မိုင် ကျောက်ချောလမ်းခင်းပြီး ကျန် ၁၃ မိုင်မှ မိုင်အား ကျောက်ချောလမ်းမျက်နှာပြင် ၁၂ ပေအကျယ် ခင်းခြင်းလုပ်ငန်းနှင့် မင်းတပ် - မတူပီ ကားလမ်း ၅၆ မိုင်မှ လုံခါး- တွီဒိန်- ရို ကျေးရွာသို့ ဆက်သွယ်သောလမ်း ၁၀ မိုင်အနက် မိုင် လမ်းမျက်နှာပြင် အကျယ် ၂၆ ပေ၊ လမ်းဘေးရေ မြောင်း အကျယ် ပေ၊ စုစုပေါင်း ၂၉ ပေ လမ်းတာချဲ့ဖောက်လုပ်ခြင်း လုပ်ငန်းများ ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီး ဌာနအနေဖြင့် မင်းတပ်-ဘော()-ရှက်-ယာယော-လုပ်ရှဲ-ခွဲလုံ လမ်း ၂၀ မိုင်အား ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေလျာထားပြီး ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျှက်ရှိရာ ယခုအချိန်တွင် ကျောက်လမ်း မိုင်အထိ ဆောင်ရွက်ပြီးစီးခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်း မိုင်အားဆက်လက်ဆောင်ရွက်ပေး သွားမည်ဖြစ်သဖြင့် ဒေသတွင်းလမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမည်ဖြစ်ပြီး ကျေးရွာ အုပ်စု()အုပ်စု၊ ကျေးရွာ (၂၇) ရွာ၊ အိမ်ခြေ (၁၆၆၇) အိမ်၊ လူဦးရေ (၇၈၀၀)ခန့်မှာ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာ ကျေးရွာများရှိ တောင်သူများ၏ ဒေသထွက်သီးနှံများနှင့် စိုက်ပျိုးသည့် တောင်သူများ အနေဖြင့်လည်း မိမိတို့၏ ထွက်ကုန်များအား ဈေးကွက်သို့ အချိန်မီတင်ပို့ ရောင်းချနိုင်ခြင်း ကြောင့် ဝင်ငွေ မြင့်မားလာပြီး လူမှုစီးပွားဘဝများ တိုးတက်လာ မည်ဖြစ်ကြောင်း သိရသည်။  

ဟန်လင်းနိုင်