မရမ်းကုန်း အောက်တိုဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားဝင်းအတွင်းရှိ ဗုဒ္ဓသာသနာ့ဆေးရုံးနှင့် ဆောက်လုပ်ပြီး အဆောက်အအုံသစ် (၂) လုံးအား ကိုဗစ် - ၁၉ရောဂါ ကူးစက်ခံရသည့် သံဃာတော်များ ဆေးကုသမှုပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေ များအား ယမန်နေ့မွန်းလွဲ ၁:၃၀ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ ၊ ပါမောက္ခချုပ်ဒေါက်တာ ဇော်ဝေစိုးနှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သက်ဆိုင်ရာအဖွဲ့များနှင့် လိုအပ်ချက်ရှိသည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ဗုဒ္ဓသာသနာ့ဆေးရုံးနှင့် ဆောက်လုပ်ပြီး အဆောက်အအုံသစ် (၂)လုံးတို့တွင် ICU၊ HDU အပါအဝင် စုစုပေါင်း သံဃာတော် (၂၀၀)ခန့်အား ဆေးကုသမှုပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း သိရသည်။
အေးအေးအောင် (ပြန်/ဆက်)