နေပြည်တော် အောက်တိုဘာ ၁၄
တရားမဝင်ကုန်စည်များ တားဆီး ထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း တို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၇ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး အောက်တိုဘာ ၁၃ ရက်နေ့တွင် မန္တလေး - မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှု ယာဉ် ပို့ကုန် ၃၆၉ စီး၊ သွင်းကုန် ၂၀၅ စီး၊ ရန်ကုန်-မြဝတီ လမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် သွင်းကုန် ၇၅ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိသည်။
အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်း များကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက် လျက်ရှိရာ အောက်တိုဘာ ၁၃ ရက် တွင် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှုတစ်မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၀ ဒသမ ၉၀၂ သန်း တန်ဖိုးရှိ တရားဝင်စာရွက်စာတမ်း တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Multimedia Speaker (1x2 Pcs) (12 Pkgs) နှင့် Detergent Powder (720 Kgs) ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်