Skip to main content

၂၀၂၅ ခုနှစ် ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား သင်တန်းသူများ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ လေတပ်စခန်းများသို့ သွားရောက်လေ့လာ

နေပြည်တော် မေ ၁၅

ရန်ကုန်မြို့သို့ရောက်ရှိနေသည့် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) စခန်းပေါင်းစုံမှ သင်တန်းသားသင်တန်းသူများသည် သင်တန်းနည်းပြများ၊ အုပ်ချုပ်သူများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံလေတပ် စခန်းဌာနချုပ်သို့ လေ့လာရေးခရီးသွားရောက်ကြသည်။ ဦးစွာ လေကြောင်းနှင့်အာကာသသိပ္ပံပညာရပ်များ၊ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သော အထွေထွေဗဟုသုတများ၊ တပ်မတော် (လေ) တွင် အသုံးပြုလျက်ရှိသော လေယာဉ်များအကြောင်းကို တပ်မတော် (လေ) မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။

ထို့နောက် ရေကြောင်းလူငယ်သင်တန်းသား သင်တန်းသူများသည် မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်ရှိ Y 8 လေယာဉ် ၊ F-7 လေယာဉ်၊ Beech-craft 1900D လေယာဉ်နှင့် ATR 72 လေယာဉ်များ ၏စွမ်းပကားနှင့် အခြားသိသင့်သိထိုက်သည်များ ကိုစိတ်ပါဝင်စားစွာလေ့လာခဲ့ကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသသည်။

အလားတူ နေပြည်တော်ကောင်စီနယ်မြေသို့ ရောက်ရှိနေသော အခြေခံလေကြောင်းလူငယ် သင်တန်းအမှတ်စဉ် (၁/၂၀၂၅) နှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းစခန်း ၁၅ ခုမှ သင်တန်းသား၊ နည်းပြ၊ အုပ်ချုပ်သူ ၉၀၁ ဦးတို့သည် စခန်းပေါင်းစုံပြိုင်ပွဲများ ကျင်းပပြီးမြောက်၍ ယနေ့တွင် နေပြည်တော် လေတပ်စခန်းရှိ ပျံသန်းရေးအုပ်များသို့ သွားရောက်လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်