Skip to main content

မြေငလျင်ဒဏ်ကြောင့် နေအိမ်များ ပြိုကျပျက်စီးခဲ့သည့် အရာရှိ၊ စစ်သည်၊ အရပ်သားဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်

နေပြည်တော် မေ ၇

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် မြေငလျင်ဒဏ်ကြောင့် မိသားစုဝင်နေအိမ်များ ပြိုကျပျက်စီးခဲ့သည့် အရာရှိ၊ စစ်သည်၊ အရပ်သားဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ အရပ်သားဝန်ထမ်းများ တက်ရောက်ကြသည်။

ထောက်ပံ့ငွေများ ပေးအပ်

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် မြေငလျင်ဒဏ်ကြောင့် မိသားစုဝင်နေအိမ်များ ပြိုကျ/ပျက်စီးခဲ့သည့် အရာရှိ၊ စစ်သည်၊ အရပ်သားဝန်ထမ်းများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်