Skip to main content

ပို့ကုန်မြှင့်တင်ရေးနှင့်ကုန်သွယ်မှုအခြေအနေ သုံးသပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၁၃

ပို့ကုန်မြှင့်တင်ရေးနှင့် ကုန်သွယ်မှုအခြေအနေသုံးသပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့်ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ကုန်သွယ်မှုအခြေအနေနှင့် ပတ်သက်၍   ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃၆ ဘီလီယံကျော် ဆောင်ရွက်နိုင်ခဲ့ သဖြင့် လျာထားချက် ၃၃ ဘီလီယံ၏ ၁၀၉ ဒသမ ၇၃ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ပါ ကြောင်း၊  စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အ လမ်းများ ဖန်တီးပေးနိုင်ခြင်း၊ ဆင်းရဲမှုလျှော့ချခြင်းတို့ကို ပိုမိုတိုးတက်ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ လယ်ယာ စိုက်ပျိုးရေးသည် မြန်မာပြည်သူအများစု၏ လူမှုဘဝတစ်ခုဖြစ်ပြီး မိမိတို့ဝန်ကြီး ဌာနအနေဖြင့် အခြား ဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်၍ လယ်ယာ ထွက်ကုန်သီးနှံများ၏ ထွက်ရှိမှု၊ အထွက်နှုန်း၊ ပြည်ပတင်ပို့နိုင်မှုနှင့် ဈေးကွက်ပေါက်ဈေး အလားအ လာများ၊ ကုန်သွယ်ဖက်နိုင်ငံများ၏ ကုန်သွယ်မှုမူဝါဒများနှင့် ဝယ်လိုအား၊ ထုတ်လုပ်မှု၊ စိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန်၊ ရာသီ ဥတုအခြေအနေ၊ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို လုပ်ငန်း ရှင်များ၊ တောင်သူများသိရှိနိုင်ရန် အမြဲဆောင်ရွက်နေကြောင်း၊ ပို့ကုန်မြှင့်တင်ရေးအတွက် အမျိုးသားပို့ကုန် မဟာဗျူဟာချမှတ်၍ စီးပွားရေးကို မြှင့်တင်ရန်ကြိုးစား ဆောင်ရွက် လျက်ရှိကြောင်း။

ထို့အပြင် ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်ရေးအတွက်လည်း ကုန်စည်ပြပွဲများပြုလုပ် ခြင်း၊ အလားအလာရှိသော ကုန်စည်များအား အားပေးမြှင့်တင်ခြင်း၊ နိုင်ငံတကာကုန်စည်ပြပွဲများသို့ ပါဝင်ပြသနိုင်ရေး ပံ့ပိုးကူညီပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း သစ်သီးဝလံများ ဈေးကွက်တည်ငြိမ်မှုရှိစေရန်နှင့် ဈေးကွက်အသစ်ရှာဖွေနိုင်ရန်အတွက် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း၊ ကုန်စည်ပြပွဲများကို Online မှကျင်းပ နိုင်ရေးအတွက် Myanmar Online Expo Park ကို တည်ထောင်ခဲ့ပြီး ပထမဆုံး Online ကုန်စည်ပြပွဲဖြစ်သည့် Myanmar International Expo of Organic and Natural Products ကို ဩဂုတ် ၂၄ ရက်မှ ၃၀ ရက်အထိ  ကျင်းပခဲ့ကြောင်း၊ ထိုသို့ Online မှ ဆောင်ရွက် ခြင်းဖြင့် မြန်မာ့ထွက်ကုန်များကို အပြည်ပြည်ဆိုင်ရာ ဈေးကွက်သို့ ချိတ်ဆက်နိုင်မည့် Platform အဖြစ် အထောက်အကူဖြစ်စေမည်ဖြစ်ပြီး လယ်ယာထွက်ကုန်များ အတွက် ဈေးကွက်သစ်များကို ဖန်တီးပေးခြင်းဖြင့် ပို့ကုန်မြှင့်တင်ရေးကို ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း၊  ကဏ္ဍအလိုက် တစ်နှစ်ထက်တစ်နှစ် ကုန်သွယ်မှုအခန်းကဏ္ဍ မြင့်မားအောင်ဆောင် ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊  ပို့ကုန်အလားအလာများ နှင့်စပ် လျဉ်းပြီး အကြံဉာဏ်ကောင်းများ သုံးသပ်ချက်များ ဆွေးနွေးတင်ပြပေးစေလိုကြောင်း ပြော ကြားသည်။        

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက ပို့ကုန်မြှင့်တင်ရေးကိစ္စ ရပ်များ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏနှင့် ပို့ကုန်တင်ပို့နိုင်ခဲ့မှု အပေါ်သုံး သပ်ခြင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ပို့ကုန်မြှင့်တင်ရေးဆောင်ရွက်သင့်သည့် လုပ်ငန်းအစီ အစဉ်များ၊ ပို့ကုန်ရွေးချယ်ခြင်းလုပ်ငန်းစဉ်များနှင့်တောင်သူများ၊ လုပ်ငန်းရှင်များ၊ စက်ရုံများတွင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီး က ဖြည့်စွက်ဆွေးနွေး ခဲ့ကြောင်းသိရသည်။

(သတင်းစဉ်)