နေပြည်တော် မေ ၁
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နေပြည်တော်စည်ပင်သာယာရေး ကော်မတီမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ၊ အမဲသား၊ ဝက်သား ကြက်ဥ၊ ဘဲဥ စသည့်ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများသို့ မတ် ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ၃၂ ရက်မြောက်အဖြစ် ဈေးကားရှစ်စီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မတ် ၃၀ ရက်မှ မေ ၁ ရက် အထိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ နေပြည်တော်ဘူတာကြီး၊ စက်ခေါင်းအလုပ်ရုံဌာနဝန်ထမ်းအိမ်ရာ၊ သူနာပြုသင်တန်းကျောင်း၊ ဥတ္တရသီရိဆေးရုံဝန်ထမ်းအိမ်ရာများ၊ ပိတောက်အိမ်ရာ၊ ကံ့ကော်အိမ်ရာ၊ ဓနသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဗလသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဉာဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ သုခသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ပညာရေးဝန်ထမ်းအိမ်ရာ၊ ပညာရေးတိုက်တန်း၊ တပ်ကုန်းခုတင်- ၁၀၀ ဆေးရုံ၊ MICC-2 ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)၊ ပိတောက်မြေအသံလွှင့်ဌာန၊ အပျိုဆောင်၊ လူပျိုဆောင်များ၊ စည်ပင်ဧည့်ရိပ်သာ (၁) (၂)၊ Gold Camp၊ နှင့် အထက (၁၁) တို့ရှိ ဝန်ထမ်းများနှင့် ပြည်သူများအား ဆန်ခြောက်ပြည်ပါ (မနောသုခ- Export Quality) ၁၀၀၆၁ အိတ်၊ ဆန်ငါးပြည်ပါ (ဖျာပုံပေါ်ဆန်း) ၂၃၃၃ အိတ်၊ ဆီ ပိဿာ ၃၁၃၇၀၊ ဆား ၁၅၀၉ ပိဿာ၊ ကုလားပဲ ၂၀ ကျပ်သားပါ အိတ် ၅၄၂၉ ထုပ်၊ ငါးပိ ၂၉၂ ပိဿာ၊ ကြက်သား အကောင် ၂၅၀၊ ဝက်သားပိဿာ ၂၀၊ အမဲသား ၂၅ ပိဿာ၊ ကြက်ဥ အလုံး ၁၄၆၂၀၊ ဘဲဥအလုံး ၆၄၈၀၊ ငုံးဥအလုံး ၂၀၀၀ ၊ ငါးတံခွန်ခြောက်များ၊ ငါးပုတ်သင်ခြောက်များ၊ ငါးနီတူခြောက်များ၊ အာပြဲခြောက်များ၊ ငါးကြင်း ၄၅ ပိဿာ၊ ငါးတန် ပိဿာ ၄၀၊ ငါးမုတ်ပိဿာ ၃၀၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် ခရမ်းချဉ်သီး၊ အာလူး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရွှေဖရုံသီး၊ ကျောက်ဖရုံသီး၊ ခရမ်းသီးနှင့် မုန်ညင်းဖြူ စသည့်ဟင်းသီးဟင်းရွက်များကိုလည်း ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်သည်။
အလားတူ စစ်ကိုင်းမြို့တွင် ဈေးကားလေးစီးဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် ၂၄ ပြည်ပါ (ရွှေဝါထွန်း) ၃၀၈ အိတ်၊ စားအုန်းဆီ ၄၈၇၃ ပိဿာ၊ ဆား ၆၉ ပိဿာ၊ ကုလားပဲ ၂၀ ကျပ်သားပါ ၃၅၄ ဘူး၊ ငါးပိ ၂၂ ပိဿာ၊ ကြက်သွန်နီ ၅၆၈ ပိဿာ၊ အသားတု ၂၆ ပိဿာ၊ ကြက်ဥ၊ ဘဲဥများ၊ ငါးနီတူခြောက်များ၊ ပုစွန်ခြောက်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး မန္တလေးမြို့တွင် ဈေးကားလေးစီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် ၂၄ ပြည်ပါ (မနောသုခ) ၅၉၆ အိတ်၊ စားအုန်းဆီပိဿာ ၅၇၂၀၀၊ ဆား ၁၀၆ ပိဿာ၊ ကုလားပဲ ၂၅ ကျပ်သားပါ ၈၈ ထုပ်၊ ငါးပိ ၂၁ ပိဿာ၊ ငါးနီတူခြောက်၊ အာပြဲခြောက်၊ ကြက်ဥ၊ ဘဲဥများ၊ ခေါက်ဆွဲခြောက်ထုပ်များကို ရောင်းချပေးခဲ့ပြီး နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်