ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ(ရန်ကုန်)၊ ယခင်မော်ကွန်းရုပ်ရှင်ရုံးခွဲ ပင်မရုံးအဆောက်အအုံ (၆၀'× ၆၀'× ၂၆')အား မော်ကွန်းပြတိုက်အဖြစ် အကြီးစားပြုပြင်ခြင်း (လျှပ်စစ်မီးလိုင်းတပ်ဆင်ခြင်း၊ ရေ/ မိလ္လာပြုပြင်ခြင်း၊ 4 Angle အမိုး တပ်ဆင်ခြင်း၊ မြား၊ ဒိုင်း၊ ပန်းပြား၊ ရေတံလျှောက်ပြင်ဆင်ခြင်း) လုပ်ငန်းဆောင်ရွက်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ သဘောတူညီချက်အရ Primate Construction & Decoration Co.,Ltd က ငွေကျပ် ၁၈၄,၀၀၀,၀၀၀/- ဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည်။
တင်ဒါကော်မတီ
ပြန်ကြားရေးဝန်ကြီးဌာန