မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited သည် ကမ်းလွန်လုပ်ကွက်အမှတ် M-5 & M-6 ရှိ ရတနာစီမံကိန်းတွင် Provision of Side Scan Sonar (SSS) and Associated Studies လုပ်ငန်းများအား MV. HAI DUONG 86 (Call Sign: XVOH7) ရေယာဉ်ဖြင့် ၂၀၂၅ ခုနှစ် မေ ၁၃ ရက်မှ ၃၁ ရက် အထိ ဆောင်ရွက်မည်ဖြစ်ပါသည်။
Provision of Side Scan Sonar (SSS) and Associated Studies လုပ်ငန်းများဆောင်ရွက်မည့် တည်နေရာကိုဖော်ပြသည့် Coordinates များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
Point Latitude Longitude
Crab2 15° 02' 36.60" N 94° 05' 40.69" E
သို့ဖြစ်ပါ၍ ကမ်းလွန်လုပ်ကွက်အမှတ် M-5 & M-6 ရှိ ရတနာ စီမံကိန်းတွင် Provision of Side Scan Sonar (SSS) and Associated Studies လုပ်ငန်းများအား MV. HAI DUONG 86 (Call Sign: XVOH7) ရေယာဉ်ဖြင့် ၂၀၂၅ ခုနှစ် မေ ၁၃ ရက်မှ ၃၁ ရက်အထိ လုပ်ငန်း ဆောင်ရွက်နေစဉ် လုပ်ငန်းကြန့်ကြာမှုမဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ လုပ်ငန်းခွင်တည်နေရာများမှ ၄ ကီလိုမီတာ ပတ်လည်အတွင်း သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများချထားခြင်းမရှိစေရန် ရေကြောင်းသတိပေးချက် (Notice to Mariners) အား ထုတ်ပြန်ကြေညာအပ်ပါသည်။
သတင်းစဉ်