နေပြည်တော် ဧပြီ ၂၉
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများအား စခန်းသွင်းလေ့ကျင့်သင်ကြားနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် လယ်ဝေးမြို့နယ် အထက (၁) သို့ သွားရောက်ပြီး တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများအား စခန်းသွင်းသင်ကြားနိုင်ရန် ပြင်ဆင်ထားမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားသည်။
ဆက်လက်၍ ဒက္ခိဏသီရိမြို့နယ် အထက(ခွဲ)ရန်အောင်မြင်နှင့် ဇမ္ဗူသီရိမြို့နယ် အထက (၁၄) ကျောင်းများသို့သွားရောက်ပြီး စခန်းသွင်းသင်ကြားနိုင်ရန် ပြင်ဆင်ထားမှုအခြေအနေများ၊ လေ့ကျင့်သင်ကြားပေးနေမှုများအား လှည့်လည်ကြည့်ရှုပြီး ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ကျောင်းများ၌ လိုအပ်သည့်သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး၊ ကျောင်းအိပ်၊ ကျောင်းစားနေထိုင်နိုင်ရေးအတွက် စနစ်တကျဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ နေထိုင်သင်ကြားနိုင်ရေး၊ ဆရာဆရာမများနှင့် အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများက စနစ်တကျကြီးကြပ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးတို့ကို မှာကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်