နေပြည်တော် ဧပြီ ၂၉
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးဒဏ်ကြောင့် အဆောက်အအုံများ ပြိုကျပျက်စီးခြင်းနှင့် ထိခိုက်မှုများဖြစ်ပေါ်ခဲ့ခြင်းအပေါ် မူရင်းမပျက်တိုင်းတာစစ်ဆေးခြင်း အဆင့်မြင့်နည်းပညာများအသုံးပြု၍ အဆောက်အအုံများ၏ကြံ့ခိုင်မှုကို အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA) မှ ငလျင်သဘာဝဘေး လေ့လာဆန်းစစ်မှုအတွေ့အကြုံရှိ ကျွမ်းကျင်ပညာရှင်လေးဦးနှင့် ပြည်တွင်းပညာရှင်များပါဝင်သောပူးပေါင်းအဖွဲ့က တိုင်းတာစစ်ဆေးနေမှုကို လေ့လာကြည့်ရှုသည်။
အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) မှ ပညာရှင်များသည် Mexico (၂၀၁၇)၊ Albinia (၂၀၁၉)၊ Ecuador (၂၀၂၃)၊ Syria (၂၀၂၄) ငလျင်ဘေးများတွင် တိုင်းတာစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသူ များဖြစ်ပြီး Non - Destructive Testing (NDT) မူရင်းမပျက် တိုင်းတာစစ်ဆေးမှု နည်းပညာအသုံးပြု၍ ခေတ်မီတိုင်းတာရေး စက်ပစ္စည်းများဖြစ်သည့် Rebar Detector၊ Rebound Hammer ၊ Ground Penetrating Radar (GPR) ၊ Ultrasonic Pulse Velo-city (UPV) ၊ Infared Camera တို့ကို အသုံးပြုစစ်ဆေးကြသည်။
အဆိုပါပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် အလုပ်သမားဝန်ကြီးဌာနနှင့် ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံတို့ကို မျက်မြင်သွားရောက် စစ်ဆေးခဲ့ကြပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနအဆောက်အဦကို စက်ပစ္စည်းများဖြင့် အသေးစိတ်တိုင်းတာလေ့လာ ဆန်းစစ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်