Skip to main content

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလထုတ် သုတပဒေသာစာစောင်ထွက်ရှိ

နေပြည်တော်၊ အောက်တိုဘာ   ၁၁


၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သောသုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့အပြောင်းအလဲများ ပြုလုပ်ပြီး အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းရှိ လူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက်ရှိသည်။ နိုင်ငံတကာထုတ် စာအုပ်စာစောင်များမှ ကောင်းနိုးရာ ခေတ်မီအကြောင်းအရာများနှင့်  ယခုလအတွက် အထူးပြုရေးသားသည့် “ကုလသမဂ္ဂ (၇၅) နှစ်ပြည့်အထိမ်းအမှတ်”   မျက်နှာဖုံးဆောင်းပါးကြီးများ ပါဝင်သော သုတပဒေသာစာစောင် (အောက်တိုဘာလ) ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ဖြန့်ချိလိုက်ပြီ ဖြစ်သည်။
၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလထုတ် သုတပဒေသာစာစောင်တွင် ဆရာဆင်ဖြူကျွန်းသန်းထွန်း၊ ပါမောက္ခဒေါက်တာ အောင်ထွန်းသက်၊ နော်ရထာဝင်းတို့၏ “ကုလသမဂ္ဂ(၇၅)နှစ်ပြည့်အထိမ်းအမှတ်” မျက်နှာဖုံး ဆောင်းပါးများ၊ နေမျိုးနိုင်၊ မောင်ပေါ်ထွန်း၊ ပါမောက္ခ ဦးသိန်းလှိုင်၊ ထင်ဇော်မှူးသင်တို့၏ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာဆောင်းပါးများ၊ ဆောင်းဝင်းလတ်၊ စိုးနိုင်ထွန်း(ကနီ)၊ရဲထက်ဇော်တို့၏ နိုင်ငံတကာဆိုင်ရာ ဆောင်းပါးများ၊ ရဲရင့်နဒီ၊ လင်းထက်သော်တာတို့၏ လူကုန်ကူးမှုနှင့် ကလေးအလုပ်သမားဆိုင်ရာ ဆောင်း ပါးများ၊ မြသိန်း၊ မောင်ကျေးရေ (ဦးမြင့်သိန်း)တို့၏ သဘာဝပတ်ဝန်းကျင်ရှုထောင့်ဆိုင်ရာ ဆောင်းပါးများ၊ အေးဖြူ၊ ဒေါက်ထွေး(ဆေး/မန်း)၊ ဒေါက်တာမြင့်သန်း (သန္ဓေသား)တို့၏ သိပ္ပံနည်းပညာနှင့် ကျန်းမာရေး ဆိုင်ရာဆောင်းပါးများ၊ ဦးဘသန်း(မဟာဝိဇ္ဇာ)၊  ဒေါက်တာမြင့်သန်း (ညောင်လေးပင်)၊ စိုးစိုး(ပန်းတောင်း)၊ မောင်ကျေးဇူး၊ ဆူးထက်အောင်၊ ကိုဇော်ဌေး(ယဉ်ကျေးမှု)၊ အိမွန်သုန် (မန်းတက္ကသိုလ်)၊ အမရာလင်း၊ မော် (သန်လျင်)တို့၏ ကဗျာ၊ ဟာသ၊ ဝတ္ထုတို၊ ဖြစ်ရပ်မှန်နှင့် အထွေထွေကဏ္ဍများကို ရောင်စုံ၊ ဖြူ/မည်း သရုပ်ဖော်ပုံ ဝေဝေဆာဆာဖြင့် စီစဉ်တင်ဆက်ထားသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ကျပ်  ၂၅၀၀ နှုန်းဖြင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင်၊   အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်၊ ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ စာပေဗိမာန်စာအုပ်အရောင်း ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး ဖုန်း ၀၂-၄၀၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကား မှာယူလိုပါက စာပေဗိမာန်စာအုပ်အရောင်းဆိုင် အမှတ်(၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ် မှာယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်