နေပြည်တော် ဧပြီ ၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) ၌ ဆေးရုံ တက်ရောက်ကုသလျက်ရှိသည့် လူနာများအား သွားရောက်တွေ့ဆုံ၍ နေ့လယ်စာနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်း၊ ဆေးဝါးများ၊ စားသောက် ဖွယ်ရာများနှင့် သောက်ရေသန့်များ ဖြည့်ဆည်း ဆောင်ရွက်ပေး၍ မြန်မာနှစ်သစ်ကူးအခါသမယတွင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်