Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဇီဝိတဒါန ငါးလွှတ်ပွဲကျင်းပ

နေပြည်တော်  ဧပြီ  ၁၇

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် မိသားစုများ၏  ဇီဝိတဒါန  ငါးလွှတ်ပွဲ အခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၇  ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ (ယနေ့) မွန်းလွဲ ၄ နာရီက  နေပြည်တော်  ဥတ္တရ သီရိမြို့နယ်ရှိ  ဥတ္တရသီရိရေလှောင်တမံ ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ဒုတိယဥက္ကဋ္ဌ ဦးသန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး  တာဝန်ရှိသူ များနှင့်  ဝန်ထမ်းမိသားစုဝင်များ တက်ရောက်၍ ဇီဝိတဒါန ငါးများလွှတ်ပေးခဲ့သည်။

ယင်းဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားတွင်  ငါးကြင်းကောင်ရေ ၃၀၀၀ ကို ရေလှောင်တမံ အတွင်းသို့ ဇီဝိတဒါနအဖြစ်  ကုသိုလ်ပြုလွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်