Skip to main content

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဝေဟင်၌ ရဟတ်ယာဉ်ဖြင့် ဆရာတော်ကြီးများက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်

နေပြည်တော် ဧပြီ ၁၇

ပြည်သူများ ဘေးအန္တရာယ်အပေါင်း ကင်းရှင်းပြီး ငြိမ်းချမ်းသာယာစေရေးအတွက် ယနေ့နံနက် ၇ နာရီတွင် ဆရာတော်ကြီးများက ပြည်ထောင်စုနယ်မြေ နေပြည်တော်ဝေဟင်၌ ရဟတ်ယာဉ်ဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပြီး ပရိတ်ရေများ ပက်ဖျန်းတော်မူကြသည်။

ဦးစွာ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဋ္ဌိ တက္ကသိုလ် ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသော ဆရာတော်ကြီး ခြောက်ပါးတို့သည် တပ်မတော်ရဟတ်ယာဉ်ဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဝေဟင်၌ အန္တရာယ်ကင်း ပရိတ်တရားတော်များ လှည့်လည် ရွတ်ဖတ်ကြသည်။

ပရိတ်ရေများပက်ဖျန်း

ရဟတ်ယာဉ်ဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တပ်မတော်မှ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆရာတော်ကြီးများ၏ ကပ္ပိယကာရကအဖြစ် လိုက်ပါ၍ ပရိတ်ရေများ ပက်ဖျန်းကုသိုလ်ယူ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်