၁၃၈၆ ခုနှစ်ကနေ ၁၃၈၇ ခုနှစ်ကို ကူးပြောင်းတဲ့ နှစ်သစ်မဂ်လာအချိန်အခါမှာ အားလုံးသော မြန်မာနိုင်ငံသူ/ သား၊ ကမ္ဘာသူ/သား ခုနစ်ရက်သားသမီးအပေါင်းတိုသည် ကောင်းသောနက္ခတ်၊ ကောင်းသော မင်္ဂလာကောင်းသောအချိန်ကို ရရှိခံစားစံစားနိင်ကြပါစေလို ဆုတောင်းမေတ္တာပိုပါတယ် ။ မြန်မာနိုင်ငံသူ/သား၊ ကမ္ဘာသူ/သား တိုင်းသူပြည်သားအပေါင်းတို ယနေ့မှစ၍ ရန်သူမျိုးငါးပါးဘေးမှ လွတ်ကင်းကြပါစေ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံ၍ နှစ်ဟောင်းကိုကျော်၍ နှစ်သစ်မှာ ကျန်းမာချမ်းသာရွှင်ပြပြီး ဝမ်းမြောက်ချမ်းသာခြင်းကို ရရှိခံစားနိုင်ပါစေ။
မကောင်းတဲ့စိတ်တွေဖျောက်ပြီး ကောင်းကျိုးချမ်းသာရကြပါစေ။ မကောင်းတဲ့ ၀စီကံ၊ မနောကံ၊ ကာယကံတွေပျောက်ပြီး ကောင်းတဲ့ ဝစီကံ၊ ကာယကံ၊ မနောကံတွေကြောင့် ကောင်းကျိုးချမ်းသာရရှိကြပါစေ။ ယနေ့မြန်မာနဲ့တကွ ကမ္ဘာကြီးမှာ ဓာတ်တွေ ပျက်နေကြတယ်။ ဓာတ်ကြီးလေးပါးဖြစ်တဲ့ မီး/ရေ/လေ/မြေ တွေပျက်စီးနေကြတာကြောင့် မြန်မာနိုင်ငံသူ/သား ကမ္ဘာသူ/ သားတွေအားလုံး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ ဒုက္ခတွေခံစားနေကြရတယ်။ ဒုက္ခတွေက ကင်းဝေးကြပါစေ။ နှစ်ဟောင်းမှာ ကုန်ပျောက်ပြီး နှစ်သစ်မှာ ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေ။
လူရယ်လိုဖြစ်လာရင် မိမိရဲ့ခန္ဓာကိုယ်ထဲ ပထဝီ၊ တေဇော၊ ဝါရော၊ အာဘောဆိုတဲ့ ဓာတ်တွေ တည်ဆောက်ထားတယ်။ အဲဒီဓာတ် တွေပျက်စီးရင် ဒုက္ခရောက်ကြတယ်။ အတွင်းဓာတ်နဲ့ အပြင်ဓာတ်တွေက ဆက်နေတယ်။ ခန္ဓာကိုယ်ထဲမှာလောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ ကိလေသာမီးတွေက စက္ကန့်မလပ်လူသားတွေရဲ့ အတွင်း ဓာတ်တွေမှာ လောင်ကျွမ်းနေတယ်။ အတွင်းမှာရှိတဲ့ ဓာတ်ကြီးလေးပါးကိလေသာမီးတွေ လောင်ကျွမ်းမှုကြောင့် အတွင်းဓာတ်တွေ ပျက်ပြီဆိုတော့ အပြင်မှာရှိတဲ့ မီး၊ ရေ၊ လေ၊ မြေဓာတ်တွေပျက်တာပဲ။
မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်တွေ ကျရောက်တယ်။ ဒါ့အပြင် ဓာတ်ပျက်လိုက်တာကြောင့် တိုင်းသူပြည်သားတွေ ဒုက္ခတွေခံကြ၊ ဆင်းရဲကိုခံကြတယ်။ ဒီဒုက္ခတွေ ဖြစ်ချင်လိုဖြစ်ကြတာမဟုတ်ဘူး။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ် ။ ကာမ နိယာမအရ အတွင်းမှာရှိတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိကိလေသာ မီးတွေပျက်စီးတော့ အပြင်မှာရှိတဲ့ဓာတ်တွေပျက်ပြီး သတ္တဝါတွေ ဒုက္ခရောက်ကြရတယ်။ ဒုက္ခတွေမရောက်ရအောင် အခု ၁၃၈၆ ခုနှစ်ကနေ နှစ်ဟောင်းကုန်ပြီး ၁၃၈၇ ခုနှစ် နှစ်သစ်ကိုကူးတဲ့အခါမှာ မိမိရဲ့အတွင်းမှာရှိတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန စတဲ့ ကိလေသာ မီးတွေငြိမ်းအောင် အားလုံးသောတိုင်းသူ ပြည်သား၊ ကမ္ဘာသူ / သားတွေ ကြိုးစားကြပါလို တိုက်တွန်းပါတယ်။
အခုသင်္ကြန်အခါသမယမှာ ဝိပဿနာတိုက်တွေမှာ ကိလေသာတွေကို ငြိမ်းအေးစေမယ့် ဓမ္မတွေဟောကြ၊ ပြောကြ၊ နာကြ၊ အားထုတ်ကြနဲ့ ခုနစ်ရက်သားသမီးအပေါင်း ဓမ္မမိုးရွာနေကြတယ်။ မြန်မာနိုင်ငံသူ/သား၊ ကမ္ဘာသူ /သားအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ဘဝရဲ့ ငြိမ်းချမ်းမှုကို ရရှိကြပါစေ။ နှစ်ဟောင်းကုန်ပျောက်နှစ်သစ်ကို စိတ်သစ်လူသစ်ဘဝသစ်ဖြင့် ချမ်းသာခြင်းအပေါင်း ရရှိခံစားနိုင်ကြပါစေလို ဆုတောင်းမေတ္တာပိုသပါတယ်။