နေပြည်တော် အောက်တိုဘာ ၁၀
လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၂၀ခုနှစ်)အတွက် နည်းဥပဒေ မူကြမ်းရေးဆွဲရေး (စတုတ္ထ အကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦး၊ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူး ချုပ်နှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီ ၁၄ ရက်က နိုင်ငံတော် သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန် ခဲ့သော ၂၀၂၀ပြည့်နှစ်၊ ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ၂ ဖြစ်သည့် လယ်ယာမြေဥပဒေကို ပြင်ဆင် သည့် ဥပဒေ (၂၀၂၀ခုနှစ်)အတွက် နည်းဥပဒေမူကြမ်းရေးဆွဲရေးလုပ်ငန်းများကို (စတုတ္ထအကြိမ်) ဆောင်ရွက် ခြင်းဖြစ်ပြီး လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာ ဦးစီး ဌာန နှင့် ဆက်စပ် ဌာနများမှ တာဝန် ရှိသူများက နည်းဥပဒေမူကြမ်းတွင် ထည့်သွင်းပါဝင်သင့်သည့် အစိတ်အပိုင်း များအလိုက် တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက် ဆောင်ရွက် ရန် လိုအပ်ချက်များနှင့် နည်းဥပဒေမူကြမ်း အပိုဒ် ၊ အပိုဒ်ခွဲအလိုက် အသေးစိတ် သုံးသပ်ဆွေးနွေးခဲ့ကြပြီး ယနေ့စတုတ္ထမူကြမ်း၌ ပါဝင်သည့် ရွှေ့ပြောင်း တောင်ယာမြေလုပ်ကိုင်ခွင့်ဆိုင်ရာအခန်းအား အဓိကထား၍ ဆွေးနွေးသုံးသပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်