Skip to main content

မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်အခမ်းအနား Virtual စနစ်ဖြင့်ကျင်းပသွားမည်

 

နေပြည်တော် အောက်တိုဘာ ၁၀

၂၀၂၀ပြည့်နှစ် အောက်တိုဘာ (၁၃)ရက်တွင်ကျရောက်မည့် မြန်မာ့ရုပ်ရှင် နှစ်(၁၀၀) ပြည့် အထိမ်း အမှတ် အခမ်းအနားကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပြည်လမ်း ရန်ကုန်မြို့ရှိ စတူဒီယို (၁)တွင် Virtual စနစ် ဖြင့်ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ အခမ်းအနား ကျင်းပပုံများကို အောက်တိုဘာ(၁၃)ရက် ညနေ(၅) နာရီမှ စတင် ၍  မြန်မာ့ရုပ်မြင်သံကြားနှင့်မြန်မာ့အသံရေဒီယိုတို့မှ ထုတ်လွှင့် ပြသသွားမည် ဖြစ်ပြီး MRTV Facebook Page နှင့် MRTV Live တို့တွင်လည်း Live Streaming ထုတ်လွှင့် သွားမည်ဖြစ်သည်။

ယင်းအစီအစဉ်ကို အောက်တိုဘာ ၁၃ ရက် ည ၉ နာရီတွင် မြန်မာ့ရုပ်ရှင်ရာပြည့် ဂုဏ်ပြု အခြား အစီအစဉ် များနှင့်အတူ ထပ်မံထုတ်လွှင် ပေးသွားမည်ဖြစ်သည်။

MOI Webportal Myanmar Facebook Page နှင့် Myanmar Digital News Facebook Page တို့မှလည်း ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)