Skip to main content

နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်း

နေပြည်တော် မတ် ၂၅

နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ရှိ သွေးလှူဘဏ်၌ စုပေါင်းသွေးလှူဒါန်းကြသည်။

ချီးမြှင့်ပေးအပ်

ယနေ့တွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ သွေးအလှူရှင်ဝန်ထမ်း ၄၆ ဦးတို့က စုပေါင်းသွေးလှူဒါန်းကြခြင်းဖြစ်ပြီး သွေးအလှူရှင်ဝန်ထမ်းများအား နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ သွေးအလှူရှင်များအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ကြသည်။

ထို့နောက် သွေးအလှူရှင်များအတွက် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) က ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်