Skip to main content

အားကစားတိုးတက်ရေးအတွက် ရှေ့လာမည့်(၅)နှစ်အတွင်း ဆောင်ရွက်မည့် အစီအစဉ်များအား သက်ဆိုင်ရာနှစ်အပိုင်းအခြားအလိုက် စီမံချက်ရေးဆွဲခြင်း ညှိနှိုင်းအစည်း အဝေး ကျင်းပ

နေပြည်တော် အောက်တိုဘာ

ရှေ့လာမည့် ()နှစ် အတွင်းဆောင်ရွက် မည့်အစီအမံများအား နှစ်အပိုင်းအခြား အလိုက် စီမံချက်ရေးဆွဲခြင်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်  ၁၁ နာရီတွင် ကျန်းမာ ရေး နှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယ ပညာဦးစီးဌာန ရုံးအမှတ်(၃၁) Video Conferencing စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးသိန်းထွန်းလတ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ဌာန ခွဲညွှန်ကြား ရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ညွှန်ကြားရေးမှူးများ၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးဘက်မှ Covid-19 Second Wave တွင် ကုသရေး၊ တိုက်ဖျက်ရေးနှင့် သေဆုံးမှုနှုန်းလျော့ကျရေးဆိုင်ရာ ကိစ္စရပ်များကို ကြိုးစား ဆောင်ရွက်နေပါကြောင်း၊ အားကစားဘက်မှ ကုသရေးအပိုင်းတွင် မပါဝင်နိုင်သော်လည်း ကာကွယ်ရေးဘက်တွင် ပြည်သူလူထု၏ (Immunity) ကိုယ်ခံအားကောင်းမွန်စေရန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ဆိုင်ရာဆောင်ရွက်ချက်များ၊ပညာပေးလုပ်ငန်းများ စွမ်းစွမ်းတမံ ဆောင်ရွက်မှုကိုတွေ့ရှိနေ ပါကြောင်း၊ ထိုကဲ့သို့ ဟန်ချက်ညီစွာ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသတိုက်ဖျက်ခြင်းကို ထိရောက်စွာ ထိန်းချုပ်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးအောင်မိုး၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးညွှန့်တို့က  ရှေ့လာမည့်()နှစ်အတွင်း အားကစားဖွံ့ဖြိုး တိုးတက် ရေးအတွက် ဆောင်ရွက်မည့်ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ အားကစားကွင်း/ရုံဆိုင်ရာ ကိစ္စရပ်များ၊ လူ့စွမ်းအားအရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ အစရှိသည်တို့ ကို သက်ဆိုင်ရာနှစ်အလိုက် တင်ပြဆွေးနွေးသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က နိဂုံးချုပ်အမှာစကားပြောကြားသည်။

 (သတင်းစဉ်)