နေပြည်တော် မတ် ၂၂
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာအဘ်ဟေးတာကူးရ်အား ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနှင့် အိန္ဒိယနိုင်ငံတို့အကြား ကာလရှည်ကြာတည်ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေးနည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ နှစ်နိုင်ငံအကျိုး ဖြစ်ထွန်းစေမည့် ကဏ္ဍများအကြားတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်မည့် အခွင့်အလမ်းများရှာဖွေ၍ နှစ်နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းရေး ရှိရင်းစွဲယန္တရားများကို အသုံးချရေး အရေးပါဝင်မှုကို အလေးထားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်