နေပြည်တော် အောက်တိုဘာ ၇
(၅) ကြိမ်မြောက် ASEAN Ministerial Conference on Cybersecurity နှင့် Singapore International Cyber Week (SICW) များကို Video Conferencing စနစ်ဖြင့် ကျင်းပရာ အောက်တိုဘာ ၆ ရက်က Singapore International Cyber Week ဖွင့်ပွဲ အခမ်းအနားနှင့် အောက်တိုဘာ ၇ ရက်တွင် ကျင်းပသည့် ASEAN Ministerial Conference on Cyber-security ဖွင့်ပွဲအခမ်းအနားများသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦး တက်ရောက်ခဲ့ပြီး ဒေသတွင်း ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စများ၊ Rule-based Regional Norm အဖြစ် သတ်မှတ်နိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မြန်မာ နိုင်ငံမှ ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင် ရွက်သွားမည့် လုပ်ငန်းစဉ်များ အား အခြား ASEAN နိုင်ငံများမှ ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မျှဝေ ဆွေးနွေးခဲ့ကြ သည်။
အဆိုပါ SICW ကို စင်ကာပူနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ၍ Virtual စနစ်ဖြင့် အောက်တိုဘာ ၅ ရက်မှ ၉ ရက်အထိ ကျင်းပလျက်ရှိပြီး အဆိုပါ အခမ်းအနားများသို့ ASEAN နိုင်ငံ များမှ ဆိုက်ဘာလုံခြုံရေးနှင့် သက်ဆိုင်သော ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ASEAN အထွေထွေ အတွင်းရေးမှူးချုပ်နှင့် ဆွေးနွေးဖက် နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ထို့အပြင် GovWare ပြပွဲ အစီအစဉ်အဖြစ် ICT Solution များကို Virtual Platform ဖြင့် လေ့လာနိုင်ကြောင်း သိရသည်။
ယခင် ပထမအကြိမ်မှ စတုတ္ထအကြိမ်အထိ ASEAN Ministerial Conference on Cybersecurity နှင့် Singapore International Cyber Week ကို စင်ကာပူနိုင်ငံတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။
သတင်းစဉ်